health update

Cohealth မှ ကြိုဆိုပါ၏

ကျွန်ုပ်တို့ထံမှ မျှော်လင့်ရမည့်အရာသင့် အခွင့်အရေးများ

ရယူမှု- သင့် ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်ချက်များကို ဖြေရှင်းရန် သင် ဝန်ဆောင်မှုများကို ရယူနိုင်သည်။

ဘေးကင်းလုံခြုံမှု- သင်သည် အတတ်ပညာရှင်များ၏ စောင့်ရှောက်မှု၊ ကျွမ်းကျင်မှုနှင့်အရည်အချင်းပြည့်ဝမှု တို့ဖြင့်ပေးသည့် ဘေးကင်းလုံခြုံပြီး အဆင့်မြင့် အရည်အသွေးရှိသည့် ကျန်းမာရေး ဝန်ဆောင်မှုများကို လက်ခံရရှိရန် မျှော်လင့်နိုင်သည်။

လေးစားမှု- ပေးအပ်ထားသည့် စောင့်ရှောက်မှုသည် သင်နှင့် သင့် ယဉ်ကျေးမှု၊ ယုံကြည်မှုများ၊ တန်ဖိုးထားရာများ၊ ပင်ကိုယ်အရည်အသွေး၊ လိင်၊ လိင်ဆိုင်ရာယဉ်ပါးမှု၊ အမြင်ပိုင်းဆိုင်ရာပေါ်လွင်မှုနှင့် မည်သူမည်ဝါဖြစ်မှု တို့ကိုလေးစားရန် ပြသထားပါသည်။ သင်သည် cohealth သို့ သင်နှင့်အတူ အထောက်အကူပေးပုဂ္ဂိုလ် (မိတ်ဆွေ၊ မိသားစုဝင်) တစ်ဦးကို ခေါ်လာနိုင်သည်။

ပြောဆိုဆက်သွယ်ရေး- သင်သည် သင့် ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပတ်သက်၍ ပွင့်လင်းပြီး အချိန်မှန်ကာ ထိုက်သင့်သည့် ဆက်သွယ်ရေးကို သင် နားလည်နိုင်သည့် နည်းလမ်းဖြင့် လက်ခံရရှိရန် မျှော်လင့်နိုင်သည်၊ ဝန်ဆောင်မှုများ၊ ကုသမှုဆိုင်ရာ နည်းလမ်းများ၊ နှင့် ကုန်ကျစရိတ်များတို့နှင့် ပတ်သက်သည့် အချက်အလက်များအပါအဝင် ဖြစ်ပါသည်။ သင်သည် အကယ်၍ လိုအပ်လျှင် စကားပြန် တစ်ဦးကို အသုံးပြုနိုင်သည်။

ပါဝင်လုပ်ဆောင်မှု- သင်သည် သင့် စောင့်ရှောက်ရေးနှင့် ကျန်းမာရေး ဝန်ဆောင်မှု အစီအစဉ် ရေးဆွဲရေးတို့နှင့် ပတ်သက်၍ ဆုံးဖြတ်ချက်များနှင့် ရွေးချယ်မှုများ ချမှတ်ရာ၌ ပါဝင်ဆောင်ရွက်နိုင်ပါသည်။

သင့်ထံမှ ကျွန်ုပ်တို့ မျှော်လင့်သည့် အရာ– သင်၏ တာဝန်ဝတ္တရားများ

လေးစားမှု- သင်သည် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုဌာနတွင် လူမှုရေးဆိုင်ရာ အဆင့်အတန်း၊ လိင်တည်ရှိမှု၊ လူမျိုး၊ လိင်ဆိုင်ရာအားသာမှု၊ ဘာသာရေး၊ နိုင်ငံရေး ယုံကြည်ချက်၊ စိတ်ပိုင်းဆိုင်ရာ နာမကျန်းမှု သို့မဟုတ် မသန်မစွမ်းမှုဆိုင်ရာ လိုအပ်ချက်များ တစ်ခုခုတို့နှင့် မသက်ဆိုင်စေဘဲလူအားလုံးနှင့် အရာပစ္စည်းအားလုံး အပေါ် လေးစားမှုပြသရန် အရေးကြီးပါသည်။

ပြောဆိုဆက်သွယ်ရေး- တိကျပြီး မှန်ကန်သော အချက်အလက်များကို ကျွန်ုပ်တို့အား ပေးအပ်ပါ၊ သို့မှသာ ကျွန်ုပ်တို့သည် သင့်အား ကူညီနိုင်မည် ဖြစ်သည့်အပြင် အကယ်၍ သင် ရက်ချိန်းတစ်ခုကို သင် မလာနိုင်လျှင် (အနည်းဆုံး 24 နာရီ ကြိုတင်၍) ပြောပြပါ

အချက်အလက်သီးခြားရှိမှု- သင့်အနေဖြင့် အခြားလူများ၏ ကိုယ်ရေးအချက်အလက် သီးခြားရှိရေးကို လေးစားရန် ကျွန်ုပ်တို့ တောင်းဆိုပါသည်၊ အုပ်စုလိုက် အစီအစဉ်များ၌ ဆွေးနွေးသည့် အချက်အလက်များ အပါအဝင်ဖြစ်သည်။

ဘေးကင်းလုံခြုံမှု- သင် ကျွန်ုပ်တို့ထံ လာရောက်သည့်အခါ သို့မဟုတ် သင် ကျွန်ုပ်တို့၏ ဝန်ထမ်းများနှင့်အတူ ရှိနေသည့်အခါ သင် နှင့် အခြားလူများ ဘေးကင်းလုံခြုံစေမည့် နည်းလမ်းအရ ပြုမူဆောင်ရွက်ရန် သင့်အား ကျွန်ုပ်တို့ မျှော်လင့်ထား ပါသည်။

သင့်အား ကြိုဆိုသည်မှာ-

စကားပြန် တစ်ဦးကို အသုံးပြုရန

အခမဲ့ စကားပြန်တစ်ဦးကို ရရှိရန် သင်သည် ဖုန်း 131 450 ကိုခေါ်နိုင်ပြီး ကျွန်ုပ်တို့အား ဖုန်းခေါ်ခိုင်းပါ

Collingwood, Fitzroy, Melbourne CBD – 9448 5528

Kensington, North Melbourne, Niddrie – 9448 5520

Footscray, Braybrook, Werribee, Melton – 9448 5502

စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ဝန်ဆောင်မှုများ အကြောင်းနှင့်ပတ်သက်၍ မေးမြန်းစရာများအတွက် ဖုန်း– 9448 6314 ကိုခေါ်ပါ

အကျိုးဆောင်တစ်ဦးကို အသုံးပြုရန်

သင် cohealth ဝန်ဆောင်မှု ဌာနကို တက်ရောက်သည့်အခါ သင်နှင့်အတူ မိသားစုဝင်တစ်ဦး သို့မဟုတ် မိတ်ဆွေတစ်ဦး လာရောက်စေရန် သင် ရွေးချယ်နိုင်သည်။ အခြားသော တရားဝင် အကျိုးဆောင် ဝန်ဆောင်မှုဌာနများသည် သင့်အား ကူညီပေးနိုင်ပါသည် သို့မဟုတ် အကယ်၍ သင် အလိုရှိလျှင် သင့်ကိုယ်စား ကျွန်ုပ်တို့နှင့် ပြောဆိုနိုင်ပါသည်။

ကျန်းမာရေး တိုင်တန်းမှုများ မဟာမင်းကြီး

1300 582 113

စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး တိုင်တန်းမှုများ မဟာမင်းကြီး

1800 246 054

မသန်မစွမ်းဖြစ်မှု ဝန်ဆောင်မှုများဆိုင်ရာ မင်းကြီး [Disability Services Commissioner]

1800 677 342

ဗစ်တိုးရီးယားပြည်နယ် အခွင့်အလမ်း တန်းတူရှိမှုနှင့် လူ့အခွင့်အရေးများ မဟာမင်းကြီး

1300 292 153

Background branding image of roads representing community